(336) Bullet Proof Problem Solving
ယနေ့ခေတ်ရဲ့ အလုပ်ခွင်မှာ တိုးတက်ဖို့အတွက် အရေးကြီးဆုံးစွမ်းရည်က ရှုပ်ထွေးနက်နဲလွန်းတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ လုပ်ငန်းအဖွဲ့အစည်းတွေမှာ သင်ပြပေးလိုက်တဲ့ ပြဿနာဖြေရှင်းနည်းတွေက လုံလောက်မှုမရှိပါဘူး။ “Bulletproof Problem Solving” စာအုပ်မှာဆိုရင် ထိပ်တန်းကုမ္ပဏီတွေမှာ အသုံးချနေကြတဲ့၊ တီထွင်ဖန်တီးမှုအပြည့်နဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် စနစ်တကျ ချည်းကပ်ပုံ အဆင့်(7)ဆင့်ကို လေ့လာရမှာပါ။ ဒီစာအုပ်ထဲမှာပါဝင်တဲ့ ပြဿနာဖြေရှင်းမှု နည်းစနစ်တွေဟာ စီးပွားရေးလုပ်ငန်းတွေကနေ လူမှုရေးစိန်ခေါ်မှုတွေအထိ ချမှတ်ကြရတဲ့ ဆုံးဖြတ်ချက်တွေမှာ မဟာဗျူဟာကျကျ အသုံးချနိုင်စေမှာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာဆိုရင် ထိပ်တန်းအကြံပေးတွေ အသုံးပြုလေ့ရှိတဲ့ ပြဿနာဖြေရှင်းမှု အဆင့်(7)ဆင့်ကို ရှာတွေ့နိုင်မယ်၊ Visual System က ရှုပ်ထွေးတဲ့ ပြဿနာတွေရဲ့ အစိတ်အပိုင်းတွေကို နားလည်သဘောပေါက်စေနိုင်ပုံကို လေ့လာရမယ်၊ ဘက်လိုက်မှုတွေ၊ အလျင်စလို ဖြေရှင်းမှုတွေ …