(23) Mindset
ဆယ်စုနှစ်ပေါင်းများစွာ စူးစမ်းလေ့လာမှုတွေ ပြုလုပ်ပြီးနောက်မှာ ကမ္ဘာကျော် Stanford တက္ကသိုလ်ရဲ့ စိတ်ပညာရှင် Carol Dweck ဟာ ရိုးရှင်းပြီး ဆန်းသစ်တဲ့ Idea တစ်ခုကို ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။ ဒါကတော့စိတ်နေသဘောထား(Mindset) တွေမှာ စွမ်းအားတွေ တည်ရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။စာအုပ်ထဲမှာဆိုရင် ကျောင်း၊ အလုပ်ခွင်၊ အားကစား၊ အနုပညာနဲ့ လူတွ မဆုတ်မနစ် ကြိုးစားအားထုတ်နေရတဲ့ နယ်ပယ်အားလုံးမှာ ကျွန်တော်တို့ရဲ့အောင်မြင်မှု ရရှိနိုင်စွမ်းဟာ ကိုယ့်ရဲ့ပင်ကိုယ်ပါရမီနဲ့အရည်အချင်းတွေအပေါ် ကိုယ်ကိုယ်တိုင် မြင်တဲ့အမြင်တွေ များစွာလွှမ်းမိုးနေကြောင်း စာရေးဆရာက ဖော်ပြခဲ့ပါတယ်။ အရည်အချင်းတွေ Fixed ဖြစ်နေတယ်လို့ ခံယူထားတဲ့`Fixed Mindset´ ရှိသူတွေဟာ အရည်အချင်းတွေ တိုးတက်ပြောင်းလဲနိုင်တယ်လို့ ယုံကြည်ထားတဲ့`Growth Mindset´ ရှိသူတွေလောက် မဖြစ်ထွန်းကြပါဘူး။ ဒါကို Mindset စာအုပ်ရဲ့ Idea တွေအသုံးချပြီး မိဘတွေ၊ ဆရာတွေ၊ …