(279) Deep Work
Deep Work ဆိုတာ အာရုံစူးစိုက်မှုကို တောင်းဆိုနေတဲ့ အလုပ်တွေမှာ အာရုံမလွင့်ဘဲ Focus လုပ်နိုင်စွမ်းဖြစ်ပါတယ်။ ဒီစွမ်းရည်က သင့်ကိုရှုပ်ထွေးတဲ့ သတင်းအချက်အလက်တွေကို နားလည်သဘောပေါက်စေပြီး၊ အချိန်တိုအတွင်း ရလဒ်ကောင်းတွေ ရရှိစေမှာ ဖြစ်ပါတယ်။ Deep work က သင်လုပ်နေတဲ့အလုပ်ကို ကျွမ်းကျင်လာစေပြီး၊ ပြီးပြည့်စုံမှုတစ်ခုကို ခံစားရစေမှာ ဖြစ်ပါတယ်။ ပြောရရင် Deep Work ဟာ ယနေ့ခေတ် အပြိုင်အဆိုင်များတဲ့ 21 ရာစုမှာ သင့်ကို Super Power တစ်ခုပိုင်ဆိုင်ထားရသလို ခံစားရစေမှာပါ။ “Deep Work” စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Cal Newport ဟာ ယနေ့ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးရဲ့ သက်ရောက်ပုံကို မတူညီတဲ့ ရှုထောင့်တစ်ခု ပေးသွားခဲ့တယ်။ သူ့ရဲ့စာအုပ်ကို နှစ်ပိုင်းခွဲထားပြီး၊ ပထမပိုင်းမှာ ဘယ်ကျွမ်းကျင်မှုနယ်ပယ်မဆို …