(185) Peak Performance
တူညီတဲ့ Principles အနည်းအကျဉ်း တချို့ဟာ ဘယ်နယ်ပယ်၊ ဘယ်လိုတာဝန်မျိုးမှာမဆို စွမ်းဆောင်ရည်တွေကို တွန်းအားပေးနေကြပါတယ်။ အိုလံပစ်ပြိုင်ပွဲကို နိုင်ချင်ရင်ဖြစ်စေ၊ သင်္ချာသီအိုရီတွေ အဖြေရှာရင် ဖြစ်စေ၊ အနုပညာမြောက် လက်ရာတွေ ဖန်တီးရင်ဖြစ်စေ အောင်မြင်မှုဆီ ခေါ်ဆောင်သွားစေတဲ့ လေ့ကျင့်မှုတွေက အတူတူပါပဲ။ Brad Stulberg နဲ့ Steve Magness စာရေးဆရာ နှစ်ယောက်ဟာ လူတိုင်းအကောင်းဆုံး စွမ်းဆောင်ရည်တွေ ရယူနိုင်မယ့် နည်းလမ်းများစွာကို လေ့လာခဲ့ကြတယ်။ ‘Peak Performance’ စာအုပ်ထဲမှာဆိုရင် ရှေးရိုးဆွဲ တွေးတောပုံတွေက ဖောက်ထွက်ပြီး လစ်လျူရှူထားကြတဲ့ ချိတ်ဆက်မှုတချို့ကို ဖော်ထုတ်ခဲ့ကြတယ်။ ဒီစာအုပ်ထဲမှာဆိုရင် စာဖတ်သူတွေဟာ သူတို့ရဲ့ Performance တိုးမြှင့်မှုကို ပြင်းထန်တဲ့ အလုပ်တွေနဲ့ အနားယူမှုကြား ကူးပြောင်းပုံ၊ စိတ်နဲ့ ခန္ဓာကို Productivity အတွက် အသင့်ပြင်ဆင်ပုံ၊ …