(360) The Paradox of Choice
ကိုယ့်လျှောက်မယ့် Career လမ်းကြောင်းကို ရွေးချယ်တာကနေစလို့၊ နေ့စဉ်ဘဝ ဆုံးဖြတ်ချက်တွေမှာ ကျွန်တော်တို့ဟာ များပြားလှတဲ့ ရွေးချယ်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အလွန်ရှုပ်ထွေးလာကြတယ်။ ကျွန်တော်တို့အတွက် ရွေးချယ်စရာများလေ၊ စိတ်ကျေနပ်မှု ပိုရရှိလေလို့ ထင်ကြတယ်။ ဒါပေမယ့် ရွေးချယ်စရာ များလွန်းခြင်းက မေးခွန်းထုတ်စရာတွေ၊ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ၊ ကျရှုံးမှုကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်မှုတွေ များလာစေတယ်။ “The Paradox of Choice” စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Barry Schwartz ဟာ ဘာကြောင့် ကောင်းလွန်းတာတွေ များပြားခြင်းက၊ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာတွေကို ထိခိုက်မှုရှိစေသလဲ ပြောပြသွားခဲ့တယ်။ လေ့လာတွေ့ရှိမှုတွေကတဆင့် ရွေးချယ်စရာတွေ လျှော့ချပစ်ခြင်းက စိုးရိမ်စိတ်၊ အလုပ်များခြင်းနဲ့ Stress တွေကို ဘဝထဲက ဖယ်ထုတ်ပစ်နိုင်ပုံကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ …