(80) The Creator’s Code
တချို့သောသူတွေဟာ Ideas ကောင်းတွေကို ကြံ့ခိုင်တဲ့ ကုမ္ပဏီတွေအဖြစ် ဘယ်လိုပြောင်းလဲခဲ့ကြသလဲ? လူအများစု ကျရှုံးနေတဲ့အချိန်မှာ တချို့သူတွေဘာကြောင့် အောင်မြင်သွားကြသလဲ? ဒီမေးခွန်းတွေကို အဖြေရှာဖို့ ‘The Creator’s Code’ စာအုပ်ဟာ သေးငယ်တဲ့ အယူအဆလေးတွေကို ကုမ္ပဏီကြီးတွေအဖြစ် ပြောင်းလဲတဲ့နေရာမှာ အရေးကြီးတဲ့ Skills 6 ခုအကြောင်းကို ရှာဖွေဖော်ထုတ်ခဲ့တယ်။ ဒီစာအုပ်ဟာဆိုရင် LinkedIn, Chipotle, eBay, Tesla Motors, SpaceX အစရှိတဲ့ ကုမ္ပဏီတွေရဲ့ တည်ထောင်သူတွေလည်း ဖြစ်သလို၊ ဒီနေ့ခေတ်မှာ အောင်မြင်နေတဲ့ စွန့်ဦးတီထွင် အယောက် ၂၀၀ ရဲ့ Interviews တွေပေါ်မှာ အခြေခံပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Amy Wilkinson ဟာဒီစာအုပ်ကိုရေးဖို့ ငါးနှစ်ကျော်ကြာတဲ့ Interviews တွေ၊ စူးစမ်းလေ့လာမှုတွေကို နယ်ပယ်မျိုးစုံမှာ …