(532) Think Again
အသိဉာဏ်ကို ပုံမှန်အားဖြင့် သင်ယူတာလေ့လာတာနဲ့ တွေးတောတာလို့ သတ်မှတ်ကြပေမယ့် အခုလို့ အလျင်အမြန် တိုးတက်နေတယ့် ခေတ်ကာလကြီးမှာ ပြန်စဉ်းစားတာတွေနဲ့ အကျင့်ဆိုးကိုဖျောက်ပစ်တာတွေလိုမျိုးအခြားပိုအရေးပါတဲ့အရာတွေကို ဖုံးကွယ်ထားတာတွေ ပါလုပ်နိုင်သေးတယ်။ နေ့စဉ်ဘဝမှာ ကျွန်တော်တို့တွေက သံသယဝင်ရမှာထက်စာရင် သက်သောင့်သက်သာဖြစ်ချင်းကိုဘဲ ရွေးချယ်လေ့ရှိကြတယ်။ ထင်မြင်ချက်နဲ့ပတ်သက်လာရင်လည်း ခက်ခဲတယ့်အရာတွေအစား ပိုလုပ်ရကိုင်ရလွယ်တယ့်အရာတွေကိုဘဲ ရွေးချယ်လေ့ရှိတယ်။ ကိစ္စတွေက ကျွန်တော်တို့ရဲ့ အတ္တတွေ မာနတွေ နဲ့ အတိုက်အဆိုင်ဖြစ်လာတဲ့အခါ အဲ့အရာတွေကိုလေ့လာသင်ယူရမယ့်အရာတွေလို့ မြင်ရမယ့်အစား မလုပ်သင့် မလုပ်အပ်တယ့်အရာတွေလို့ မြင်လာကြတယ်။ ပတ်ဝန်းကျင်မှာလည်း ကျွန်တော်တို့ အတွေးအခေါ်တွေနဲ့ထပ်တူမကျတဲ့သူတွေနဲ့ အတူတူယှဉ်တွဲပီး ကိုယ်ပိုင်အမြင်တွေကို မေးခွန်းထုတ်ရမယ့်နေရာမှာ ကိုယ်နဲ့ စိတ်တူကိုယ်တူသူတွေနဲ့ဘဲ နေလေ့ရှိကြတယ်။ ဒါ့ကြောင့် Adam Grant ရဲ့ ဒီစာအုပ်ထဲက ကျွန်တော်တို့စဉ်းစားထားတဲ့ ယုံကြည်ချက်နဲ့ ယူဆချက်တွေကို ပြန်လည်စဉ်းစားဖို့ စေ့ဆော်ပေးထားတဲ့ စာအုပ်တစ်အုပ်ပဲဖြစါပါတယ်။