(16) Predictable Revenue
နှစ်အနည်းငယ်အတွင်းမှာ Cold Calls တွေ တစ်ခုမှ လုပ်စရာမလိုဘဲ Salesforce.com ကို 100 million ဒေါ်လာ ရှာပေးနိုင်ခဲ့တဲ့ Outbound Sales Process ကို Predictable Revenue စာအုပ်မှာ ရှာတွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ Cold Call လုပ်ပုံနဲ့ အရောင်းပိတ်ပုံ နည်းလမ်းတွေကို ပြသတဲ့ စာအုပ်မဟုတ်ပါ။ CEOs, စွန့်ဦးတီထွင်တွေနဲ့ အရောင်းပိုင်း ဦးဆောင်သူတွေအတွက် အရောင်းတွေဆက်တိုက် ဝင်လာစေမယ့် နည်းလမ်းအသစ်တွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ Sales team တွေကို အရည်အသွေးကောင်းပြီး အလားအလာရှိတဲ့ ဖောက်သည်အသစ်တွေ သင်လိုသလောက်ရယူနိုင်ဖို့၊ ခန့်မှန်းလွယ်တဲ့ ဝင်ငွေတွေ ဖန်တီးဖို့၊ သင့်ရဲ့တရစပ် အာရုံစိုက်မှုတွေမပါဘဲ ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်မှီနိုင်ဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို …